Year: 2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာမေးပွဲရက် ကြေညာခြင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မိတ္ထီလာ)တွင် ကျင်းပလျက်ရှိသည့် စာမေးပွဲအား အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ရပ်ဆိုင်းခဲ့ရသဖြင့် ဖြေဆိုရန်ကျန်ရှိသည့် ဘာသာရပ်များအား ၂.၆.၂၀၂၅ ရက်မှ စတင်၍ စာမေးပွဲ ပြန်လည်ကျင်းပမည် ဖြစ်ပါသည်။

Read More

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ကင်းကွာ နောက်ဆုံးနှစ်သင်တန်းသားများ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်း

နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိးကြောင့် ကင်းကွားခဲ့သည့် ကျောင်းသား/သူများအား (၂၀၂၄-၂၀၂၅) ပညာသင်နှ်တွင် ခြွင်းချက်အနေဖြင့် ပြင်ပဖြေကျောင်းသားအဖြစ် (၁) ကြိမ် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ကျောင်းလက်ခံရာတွင် (၂၁-၃-၂၀၂၅) ရက် နောက်ဆုံးထား လက်ခံမည်ဖြစ်ပြီး အောက်ဖော်ပြပါ အချက်အလက်များ ပါရှိရမည်ဖြစ်သည်။ (က) ကျောင်းသား၏ ကင်းကွာခဲ့ရသည့် ခိုင်လုံသော အကြောင်းပြချက်ပါရှိသည့် အသနားခံစာ တင်ပြစာ (ခ) ရပ်ကွက်/မြို့နယ်ထောက်ခံစာ (ဂ) ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ

Read More