နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ နောက်ဆုံးနှစ်သင်တန်းမှ အကြောင်းအမျိုးမျိးကြောင့် ကင်းကွားခဲ့သည့် ကျောင်းသား/သူများအား (၂၀၂၄-၂၀၂၅) ပညာသင်နှ်တွင် ခြွင်းချက်အနေဖြင့် ပြင်ပဖြေကျောင်းသားအဖြစ် (၁) ကြိမ် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ကျောင်းလက်ခံရာတွင် (၂၁-၃-၂၀၂၅) ရက် နောက်ဆုံးထား လက်ခံမည်ဖြစ်ပြီး အောက်ဖော်ပြပါ အချက်အလက်များ ပါရှိရမည်ဖြစ်သည်။
(က) ကျောင်းသား၏ ကင်းကွာခဲ့ရသည့် ခိုင်လုံသော အကြောင်းပြချက်ပါရှိသည့် အသနားခံစာ တင်ပြစာ
(ခ) ရပ်ကွက်/မြို့နယ်ထောက်ခံစာ
(ဂ) ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ